ဖူကျိုး ပန်းခြံထဲမှ နားခိုစရာ ဇရပ်လေး
ပန်းခြံထဲ လမ်းလျှောက်ရင်း ခြေထောက်ညောင်းလာရင် နားနေချင်စရာကောင်းတဲ့ ဇရပ်လေးပါ ... ရေကန်ပြင်ကိုဖြတ်ပြီးတိုက်လာတဲ့ လေကောင်းလေသန့်ကို ရှုရှိုက်ရင်း နားရင်း လာလည်တဲ့ လူတွေကို ငေးမောနေနိုင်တဲ့ နေရာလေးပါ ...
ဖူကျိုး ပန်းခြံထဲမှ ကျောက်ဆောင်ပေါ်မှ ဇရပ်လေး
ပန်းခြံထဲမှာ အမြင့်ဆုံးနေရာမှာ တည်ဆောက်ထားတဲ့ ဇရပ်လေးပါ ... အပေါ်ကိုတက်ပြီး ပန်းခြံတစ်ခုလုံး ကိုမြင်နိုင်တဲ့ ဇရပ်လေးပါ ...
ဖူကျိုး ပန်းခြံကို အပေါ်စီးမှ မြင်ရပုံ
အပေါ်ကဇရပ်ပေါ်ကနေ ရိုက်ထားတဲ့ဓာတ်ပုံလေးပါ.. ရှုခင်းကတော့ အရမ်းသာယာပါတယ်.. ကျတော်လဲ အပေါ်ကိုတက်ပြီး ရိုက်ထားတာပါ ... အပေါ်ကနေ ပန်းခြံတစ်ခုလုံးကို ခြုံပြီးမြင်ရပါတယ်... အရမ်းကောင်းတဲ့ရှုခင်းလေးပါ ...
ဖူကျိုး ပန်းခြံထဲမှ တံတားလေး
တရုတ်ရှေးဟောင်းလက်ရာ တံတားလေး ၁ခုပါ ... တံတားအပေါ်ကနေ လမ်းလျှောက်နေရင် ရှေးခေတ်ထဲကို ရောက်သွားသလိုပါပဲနော်...
မျက်စိအေးတယ် ရှုခင်းလေးတွေက စိမ်းစိမ်းစိုစိုနဲ့
ReplyDeleteလှလိုက်တာ
မျက်စိအေးတယ် ရှုခင်းလေးတွေက စိမ်းစိမ်းစိုစိုနဲ့
ReplyDeleteလှလိုက်တာ