Friday, September 10, 2010

အိုကီနာဝါ မှ မှတ်တမ်း ဓာတ်ပုံများ အပိုင်း(၁)


ဧည့်လမ်းညွှန် မှ အိုကီနာဝါအကြောင်းကိုရှင်းလင်းပြောပြနေစဉ်

အိုကီနာဝါကျွန်း Naha မြို့လေးသို့ အသွား ကားပေါ်မှာ ဧည့်လမ်းညွှန်မှ Naha မြို့လေးရဲ့ သမိုင်းကြောင်းများ၊ လူနေမှု ဘ၀အကြောင်းများ၊ ဒေသထွက် အစားအစာအကြောင်းများ၊ ဆောင်ရန် ရှောင်ရန်များကို ပြောကြားနေစဉ်



အိုကီနာဝါမှ ပထမဆုံးစားခဲ့ရသော ဂျပန်စတိုင်နေ့လည်စာ


ပထမဆုံးနေ့ လေယာဉ်ပေါ်က ဆင်းဆင်းချင်း အိုကီနာဝါ Naha မြို့ထဲမှာ စားခဲ့ရတဲ့ နေ့လည်စာ ဂျပန်စတိုင် ၀က်ခြေထောက်ဟင်း နဲ့ ထမင်း ၊ ဘယ်ဖက်ကခွက်ထဲမှာ ထမင်းထည့်ထားပြီး ညာဖက်ကခွက်ထဲမှာတော့ ဟင်းရည်ပါ ၊ ဗိုက်ဆာဆာနဲ့စားလိုက်တာ ၁၀ မိနစ်နဲ့ ပြောင်သွားပါတယ်ခင်ဗျာ၊ သူငယ်ချင်းတို့ သရေယိုလို့ ရအောင် ပုံကိုတင်လိုက်တာပါ၊



Naha မြို့လေးထဲမှ ဂျပန်စတိုင် စားသောက်ဆိုင်

သူငယ်ချင်းတို့ အိုကီနာဝါ Naha မြို့လေးကို ရောက်ခဲ့ရင် သွားစားလို့ရအောင် ဆိုင်နံမည်ပါတဲ့ ဆိုင်းဘုတ်ကို ရိုက်ထားတာပါ ... စားလို့ကောင်းမှကောင်းပါ ... ကြုံလို့ရောက်ဖြစ်ရင် သွားစားဖြစ်အောင် စားကြည့်ပါ ...



အိုကီနာဝါ Naha မြို့လေးမှ ဖူကျိုး အမှတ်တရပန်းခြံလေးမှ ရေတံခွန်လေး

အိုကီနာဝါ Naha မြို့လေးကိုရောက်ရင် အဲဒီပန်းခြံလေးကို သွားဖြစ်အောင် သွားလိုက်ပါနော်.. အရမ်းကို မျက်စိအေးပြီး အဲဒီပန်းခြံလေးထဲက ရေကန်ထဲက ရွှေဝါငါးကြင်းတွေရယ် လိပ်တွေကိုပါ အစာကျွေးလို့လဲ ရတယ်နော် ... :)

No comments:

Post a Comment