Monday, September 13, 2010

အိုကီနာဝါ မှ မှတ်တမ်း ဓာတ်ပုံများ အပိုင်း(၆)


အိုကီနာဝါ Naha မြို့မှ နံမည်ကျော် တန်ခိုးအကြီးဆုံး ဂျပန်ရိုးရာ နေနတ်သား နတ်ကွန်း

Naha မြို့လေးရှိ နံမည်ကျော် တန်ခိုးကြီး ဂျပန်ရိုးရာ နတ်ကွန်းရှိရာ တောင်ကုန်းလေးပေါ်ကို လှေကားလေးများပေါ်ကနေ ဧည့်လမ်းညွှန်ရဲ့ ဦးဆောင်မှုနဲ့ တက်ရောက်နေကျတဲ့ ခရီးသွားအဖွဲ့ထဲမှ တချို့ကို တွေ့ရမှာ ဖြစ်တယ် .. အဟီးး ကျတော်ကတော့ ထုံးစံအတိုင်း နောက်ဆုံးကနေ တက်နေတာပါ ... :) ဒီနတ်ကွန်းလေးကတော့ အိုကီနာဝါ Naha မြို့လေးမှာ တကယ်ဆုတောင်းပြည့်တယ်လို့ ဒေသခံတွေက ယုံကြည်ပါတယ် ... နတ်ကွန်းပေါ်မှာ အရမ်းသန့်ရှင်းသပ်ရပ်ပါတယ်... နောက်ပြီး ထူးခြားချက် ကတော့ နတ်ကွန်းမှာ ဘာနတ်ရုပ်မှ တွေ့မှာ မဟုတ်ဘူးနော် ...ဂျပန်တွေရဲ့ ယုံကြည်မှုအရ နတ်တွေဆိုတာ အကောင်အထည် မရှိဘူးလို့ ယုံကြည်ကျတယ်လေ... အဲဒီတော့ နတ်ကွန်းရောက်ရင် နတ်ရုပ်ကို လိုက်မရှာနဲ့နော် ... :)



နတ်ကွန်းမှာ တွေ့ရတဲ့ အုတ်ရေကန်လေး

နတ်ကွန်းမှာ မဆုတောင်းခင်မှာ အရင်ဦးဆုံး ကိုယ်လက်သန့်ရှင်းဖို့ထားတဲ့ ရေကန်လေးပါ... ဆုတောင်းမယ့်လူဟာ အရင်ဦးဆုံး လက်ကိုစင်အောင်ဆေးရပါမယ် ... ပြီးရင် ပါးစပ်ကို ပလုပ်ကျင်းရပါမယ်.. ပြီးမှ ဆုတောင်းလို့ရပါတယ် ... သူငယ်ချင်းတို့ ရောက်ခဲ့ရင် ဆုတောင်းဖို့ မမေ့နဲ့နော်... :)



နတ်ကွန်းမှ ဆုတောင်းရန်နေရာ

သူငယ်ချင်းတို့ရေ ခုနက ရေကန်လေးမှာ ကိုယ်လက်သန့်စင်ပြီးရင်တော့ အခုနေရာရှေ့မှာ လိုချင်တဲ့ဆုကို တောင်းလို့ရပြီပေါ့ ... ကဲ သူငယ်ချင်းတို့ ဘယ်လိုဆုမျိုးကို တောင်းကျမှာလဲ... ကျတော်ကတော့ ဆုတောင်းခဲ့တယ် ... ဘာဆုတောင်းခဲ့လဲဆိုတာကိုတော့ မပြောပြတော့ဘူးနော် ...:)



ခရီးသွားအဖွဲ့ထဲမှ အဖွဲ့သားများ ဆုတောင်းနေတာပါ ...



နတ်ကွန်းမှ တခြားနတ်များရဲ့ နတ်နန်းလေးများ



နတ်ကွန်းမှ အဆောင်များ ချိတ်ဆွဲထားတာပါ...

နတ်ကွန်းမှာ ကိုယ့်အတွက် အဆောင်များကိုလဲ ၀ယ်ယူလို့ရတယ် သူငယ်ချင်းတို့ရေ... ဘာအတွက် အဆောင်လိုချင်လဲ ... ပညာရေး ကျန်းမာရေး စီးပွားရေး အချစ်ရေး အကုန်ရတယ်နော် ... ဒါပေမယ့် အဆောင်က တနှစ်ပဲသက်တမ်းရှိတယ်နော် ... တနှစ်တခါ လာလည်ဖို့တော့ လိုမယ်နော် ... မြင်ရတဲ့ အဆောင်တွေက တနှစ်တခါ သက်တမ်းကုန်လို့ နတ်ကွန်းမှာ ပြန်လာချိတ်ထားတဲ့ အဆောင်တွေပါ... ကဲ သူငယ်ချင်းတို့ရော ဘာအဆောင်ဝယ်ချင်သလဲ ... ?



နတ်ကွန်းမှ သန့်ရှင်းသပ်ရပ်သော ရှုခင်းလေးပါ...



နတ်ကွန်းမှ နားခိုချင်စရာ ထိုင်ခုံလေးများနဲ့ ထီးကြီး

နတ်ကွန်းမှာ ဆုတောင်းပြီးလို့ ချက်ချင်းမပြန်ချင်သေးရင်တော့ အဲဒီထိုင်ခုံလေးမှာ သွားပြီး အနားယူလို့ရပါတယ် ... ပြီးတော့ လာဆုတောင်းတဲ့လူတွေကို ငေးလို့ရပါတယ် ... :) ကဲ သူငယ်ချင်းတို့လဲ အိုကီနာဝါ Naha မြို့လေးကို ရောက်ခဲ့ရင်တော့ ဒီ တန်ခိုးကြီး ဆုတောင်းပြည့် နေနတ်သား နတ်ကွန်းကို သွားဖြစ်အောင် သွားလိုက်ပါ .... အဟီးးး
အဆောင်ဝယ်ဖို့လဲ မမေ့နဲ့နော် ... အဆောင်က တနှစ်ပဲ သက်တမ်းရှိတာနော်... နောက်နှစ်မှာ အဆောင် ပြန်လာလဲဖို့ မမေ့နဲ့နော် ...:)

No comments:

Post a Comment