Saturday, September 11, 2010

အိုကီနာဝါ မှ မှတ်တမ်း ဓာတ်ပုံများ အပိုင်း(၂)


Naha မြို့ ဖူကျိုး ပန်းခြံအ၀င်ဝမှ တရုတ်ရှေးဟောင်း လက်ရာမြောက် အ၀င်မုဒ်ဦး

ပန်းခြံထဲအ၀င် မှာ ပထမဦးဆုံးတွေ့ရမယ့် တရုတ်ရှေးဟောင်းလက်ရာနဲ့ မုဒ်ဦးလေးပါ ... အဲဒီမုဒ်ဦးလေးရဲ့ နောက်မှာ ရေကန်လေး ရှိပါတယ် ... အဲဒီနေရာလေးကနေ ကန်ထဲကငါးတွေနဲ့ လိပ်တွေကို အစာကျွေး လို့ရပါတယ်.. သူငယ်ချင်းတို့ရော အစာကျွေးကြအုံးမလား..



ဖူကျိုး ပန်းခြံလေးထဲမှ လျှောက်ချင်စရာ လမ်းကလေး

ဖူကျိုး ပန်းခြံလေးထဲမှာ အဲလိုမျိုး လမ်းလေးတွေနဲ့ ဆက်သွယ်ထားတာပါ .. သန့်ရှင်းသပ်ရပ်ပြီး လေကောင်းလေသန့်လဲရတယ်.. လမ်းလျှောက်လို့လဲ ကောင်းတယ်... အမှိုက်လုံးဝမရှိဘူးနော် ... သူငယ်ချင်းတို့ ရောက်ရင် သွားလည်လို့ကောင်းတဲ့ နေရာလေးပါ ...



ဖူကျိုး ပန်းခြံလေးထဲမှ လျှောက်ချင်စရာ လမ်းကလေး



ဖူကျိုး ပန်းခြံလေးထဲမှ နားခိုစရာ အိမ်ကလေး

No comments:

Post a Comment