Monday, September 13, 2010

အိုကီနာဝါ မှ မှတ်တမ်း ဓာတ်ပုံများ အပိုင်း(၆)


အိုကီနာဝါ Naha မြို့မှ နံမည်ကျော် တန်ခိုးအကြီးဆုံး ဂျပန်ရိုးရာ နေနတ်သား နတ်ကွန်း

Naha မြို့လေးရှိ နံမည်ကျော် တန်ခိုးကြီး ဂျပန်ရိုးရာ နတ်ကွန်းရှိရာ တောင်ကုန်းလေးပေါ်ကို လှေကားလေးများပေါ်ကနေ ဧည့်လမ်းညွှန်ရဲ့ ဦးဆောင်မှုနဲ့ တက်ရောက်နေကျတဲ့ ခရီးသွားအဖွဲ့ထဲမှ တချို့ကို တွေ့ရမှာ ဖြစ်တယ် .. အဟီးး ကျတော်ကတော့ ထုံးစံအတိုင်း နောက်ဆုံးကနေ တက်နေတာပါ ... :) ဒီနတ်ကွန်းလေးကတော့ အိုကီနာဝါ Naha မြို့လေးမှာ တကယ်ဆုတောင်းပြည့်တယ်လို့ ဒေသခံတွေက ယုံကြည်ပါတယ် ... နတ်ကွန်းပေါ်မှာ အရမ်းသန့်ရှင်းသပ်ရပ်ပါတယ်... နောက်ပြီး ထူးခြားချက် ကတော့ နတ်ကွန်းမှာ ဘာနတ်ရုပ်မှ တွေ့မှာ မဟုတ်ဘူးနော် ...ဂျပန်တွေရဲ့ ယုံကြည်မှုအရ နတ်တွေဆိုတာ အကောင်အထည် မရှိဘူးလို့ ယုံကြည်ကျတယ်လေ... အဲဒီတော့ နတ်ကွန်းရောက်ရင် နတ်ရုပ်ကို လိုက်မရှာနဲ့နော် ... :)



နတ်ကွန်းမှာ တွေ့ရတဲ့ အုတ်ရေကန်လေး

နတ်ကွန်းမှာ မဆုတောင်းခင်မှာ အရင်ဦးဆုံး ကိုယ်လက်သန့်ရှင်းဖို့ထားတဲ့ ရေကန်လေးပါ... ဆုတောင်းမယ့်လူဟာ အရင်ဦးဆုံး လက်ကိုစင်အောင်ဆေးရပါမယ် ... ပြီးရင် ပါးစပ်ကို ပလုပ်ကျင်းရပါမယ်.. ပြီးမှ ဆုတောင်းလို့ရပါတယ် ... သူငယ်ချင်းတို့ ရောက်ခဲ့ရင် ဆုတောင်းဖို့ မမေ့နဲ့နော်... :)



နတ်ကွန်းမှ ဆုတောင်းရန်နေရာ

သူငယ်ချင်းတို့ရေ ခုနက ရေကန်လေးမှာ ကိုယ်လက်သန့်စင်ပြီးရင်တော့ အခုနေရာရှေ့မှာ လိုချင်တဲ့ဆုကို တောင်းလို့ရပြီပေါ့ ... ကဲ သူငယ်ချင်းတို့ ဘယ်လိုဆုမျိုးကို တောင်းကျမှာလဲ... ကျတော်ကတော့ ဆုတောင်းခဲ့တယ် ... ဘာဆုတောင်းခဲ့လဲဆိုတာကိုတော့ မပြောပြတော့ဘူးနော် ...:)



ခရီးသွားအဖွဲ့ထဲမှ အဖွဲ့သားများ ဆုတောင်းနေတာပါ ...



နတ်ကွန်းမှ တခြားနတ်များရဲ့ နတ်နန်းလေးများ



နတ်ကွန်းမှ အဆောင်များ ချိတ်ဆွဲထားတာပါ...

နတ်ကွန်းမှာ ကိုယ့်အတွက် အဆောင်များကိုလဲ ၀ယ်ယူလို့ရတယ် သူငယ်ချင်းတို့ရေ... ဘာအတွက် အဆောင်လိုချင်လဲ ... ပညာရေး ကျန်းမာရေး စီးပွားရေး အချစ်ရေး အကုန်ရတယ်နော် ... ဒါပေမယ့် အဆောင်က တနှစ်ပဲသက်တမ်းရှိတယ်နော် ... တနှစ်တခါ လာလည်ဖို့တော့ လိုမယ်နော် ... မြင်ရတဲ့ အဆောင်တွေက တနှစ်တခါ သက်တမ်းကုန်လို့ နတ်ကွန်းမှာ ပြန်လာချိတ်ထားတဲ့ အဆောင်တွေပါ... ကဲ သူငယ်ချင်းတို့ရော ဘာအဆောင်ဝယ်ချင်သလဲ ... ?



နတ်ကွန်းမှ သန့်ရှင်းသပ်ရပ်သော ရှုခင်းလေးပါ...



နတ်ကွန်းမှ နားခိုချင်စရာ ထိုင်ခုံလေးများနဲ့ ထီးကြီး

နတ်ကွန်းမှာ ဆုတောင်းပြီးလို့ ချက်ချင်းမပြန်ချင်သေးရင်တော့ အဲဒီထိုင်ခုံလေးမှာ သွားပြီး အနားယူလို့ရပါတယ် ... ပြီးတော့ လာဆုတောင်းတဲ့လူတွေကို ငေးလို့ရပါတယ် ... :) ကဲ သူငယ်ချင်းတို့လဲ အိုကီနာဝါ Naha မြို့လေးကို ရောက်ခဲ့ရင်တော့ ဒီ တန်ခိုးကြီး ဆုတောင်းပြည့် နေနတ်သား နတ်ကွန်းကို သွားဖြစ်အောင် သွားလိုက်ပါ .... အဟီးးး
အဆောင်ဝယ်ဖို့လဲ မမေ့နဲ့နော် ... အဆောင်က တနှစ်ပဲ သက်တမ်းရှိတာနော်... နောက်နှစ်မှာ အဆောင် ပြန်လာလဲဖို့ မမေ့နဲ့နော် ...:)

Saturday, September 11, 2010

အိုကီနာဝါ မှ မှတ်တမ်း ဓာတ်ပုံများ အပိုင်း(၅)


ဖူကျိုး ပန်းခြံထဲမှ နားခိုစရာ ဇရပ်လေး

ပန်းခြံထဲ လမ်းလျှောက်ရင်း ခြေထောက်ညောင်းလာရင် နားနေချင်စရာကောင်းတဲ့ ဇရပ်လေးပါ ... ရေကန်ပြင်ကိုဖြတ်ပြီးတိုက်လာတဲ့ လေကောင်းလေသန့်ကို ရှုရှိုက်ရင်း နားရင်း လာလည်တဲ့ လူတွေကို ငေးမောနေနိုင်တဲ့ နေရာလေးပါ ...



ဖူကျိုး ပန်းခြံထဲမှ ကျောက်ဆောင်ပေါ်မှ ဇရပ်လေး

ပန်းခြံထဲမှာ အမြင့်ဆုံးနေရာမှာ တည်ဆောက်ထားတဲ့ ဇရပ်လေးပါ ... အပေါ်ကိုတက်ပြီး ပန်းခြံတစ်ခုလုံး ကိုမြင်နိုင်တဲ့ ဇရပ်လေးပါ ...



ဖူကျိုး ပန်းခြံကို အပေါ်စီးမှ မြင်ရပုံ

အပေါ်ကဇရပ်ပေါ်ကနေ ရိုက်ထားတဲ့ဓာတ်ပုံလေးပါ.. ရှုခင်းကတော့ အရမ်းသာယာပါတယ်.. ကျတော်လဲ အပေါ်ကိုတက်ပြီး ရိုက်ထားတာပါ ... အပေါ်ကနေ ပန်းခြံတစ်ခုလုံးကို ခြုံပြီးမြင်ရပါတယ်... အရမ်းကောင်းတဲ့ရှုခင်းလေးပါ ...



ဖူကျိုး ပန်းခြံထဲမှ တံတားလေး

တရုတ်ရှေးဟောင်းလက်ရာ တံတားလေး ၁ခုပါ ... တံတားအပေါ်ကနေ လမ်းလျှောက်နေရင် ရှေးခေတ်ထဲကို ရောက်သွားသလိုပါပဲနော်...

အိုကီနာဝါ မှ မှတ်တမ်း ဓာတ်ပုံများ အပိုင်း(၄)


ဖူကျိုး ပန်းခြံထဲမှ ရေကန်လေး



ဖူကျိုး ပန်းခြံထဲမှ အေးချမ်းတဲ့ ရှုခင်းလေး



ဖူကျိုး ပန်းခြံထဲမှ ကြက်ရုပ်တုလေး



ဖူကျိုး ပန်းခြံထဲမှ ခြင်္သေ့ရုပ်တုလေး

အိုကီနာဝါ မှ မှတ်တမ်း ဓာတ်ပုံများ အပိုင်း(၃)


ဖူကျိုး ပန်းခြံထဲမှ လျှောက်ချင်စရာ လမ်းကလေး



ဖူကျိုး ပန်းခြံထဲမှ လျှောက်ချင်စရာ လမ်းကလေး



ဖူကျိုး ပန်းခြံထဲမှ လျှောက်ချင်စရာ လမ်းကလေး



ဖူကျိုး ပန်းခြံထဲမှ လျှောက်ချင်စရာ လမ်းကလေး

အိုကီနာဝါ မှ မှတ်တမ်း ဓာတ်ပုံများ အပိုင်း(၂)


Naha မြို့ ဖူကျိုး ပန်းခြံအ၀င်ဝမှ တရုတ်ရှေးဟောင်း လက်ရာမြောက် အ၀င်မုဒ်ဦး

ပန်းခြံထဲအ၀င် မှာ ပထမဦးဆုံးတွေ့ရမယ့် တရုတ်ရှေးဟောင်းလက်ရာနဲ့ မုဒ်ဦးလေးပါ ... အဲဒီမုဒ်ဦးလေးရဲ့ နောက်မှာ ရေကန်လေး ရှိပါတယ် ... အဲဒီနေရာလေးကနေ ကန်ထဲကငါးတွေနဲ့ လိပ်တွေကို အစာကျွေး လို့ရပါတယ်.. သူငယ်ချင်းတို့ရော အစာကျွေးကြအုံးမလား..



ဖူကျိုး ပန်းခြံလေးထဲမှ လျှောက်ချင်စရာ လမ်းကလေး

ဖူကျိုး ပန်းခြံလေးထဲမှာ အဲလိုမျိုး လမ်းလေးတွေနဲ့ ဆက်သွယ်ထားတာပါ .. သန့်ရှင်းသပ်ရပ်ပြီး လေကောင်းလေသန့်လဲရတယ်.. လမ်းလျှောက်လို့လဲ ကောင်းတယ်... အမှိုက်လုံးဝမရှိဘူးနော် ... သူငယ်ချင်းတို့ ရောက်ရင် သွားလည်လို့ကောင်းတဲ့ နေရာလေးပါ ...



ဖူကျိုး ပန်းခြံလေးထဲမှ လျှောက်ချင်စရာ လမ်းကလေး



ဖူကျိုး ပန်းခြံလေးထဲမှ နားခိုစရာ အိမ်ကလေး

Friday, September 10, 2010

အိုကီနာဝါ မှ မှတ်တမ်း ဓာတ်ပုံများ အပိုင်း(၁)


ဧည့်လမ်းညွှန် မှ အိုကီနာဝါအကြောင်းကိုရှင်းလင်းပြောပြနေစဉ်

အိုကီနာဝါကျွန်း Naha မြို့လေးသို့ အသွား ကားပေါ်မှာ ဧည့်လမ်းညွှန်မှ Naha မြို့လေးရဲ့ သမိုင်းကြောင်းများ၊ လူနေမှု ဘ၀အကြောင်းများ၊ ဒေသထွက် အစားအစာအကြောင်းများ၊ ဆောင်ရန် ရှောင်ရန်များကို ပြောကြားနေစဉ်



အိုကီနာဝါမှ ပထမဆုံးစားခဲ့ရသော ဂျပန်စတိုင်နေ့လည်စာ


ပထမဆုံးနေ့ လေယာဉ်ပေါ်က ဆင်းဆင်းချင်း အိုကီနာဝါ Naha မြို့ထဲမှာ စားခဲ့ရတဲ့ နေ့လည်စာ ဂျပန်စတိုင် ၀က်ခြေထောက်ဟင်း နဲ့ ထမင်း ၊ ဘယ်ဖက်ကခွက်ထဲမှာ ထမင်းထည့်ထားပြီး ညာဖက်ကခွက်ထဲမှာတော့ ဟင်းရည်ပါ ၊ ဗိုက်ဆာဆာနဲ့စားလိုက်တာ ၁၀ မိနစ်နဲ့ ပြောင်သွားပါတယ်ခင်ဗျာ၊ သူငယ်ချင်းတို့ သရေယိုလို့ ရအောင် ပုံကိုတင်လိုက်တာပါ၊



Naha မြို့လေးထဲမှ ဂျပန်စတိုင် စားသောက်ဆိုင်

သူငယ်ချင်းတို့ အိုကီနာဝါ Naha မြို့လေးကို ရောက်ခဲ့ရင် သွားစားလို့ရအောင် ဆိုင်နံမည်ပါတဲ့ ဆိုင်းဘုတ်ကို ရိုက်ထားတာပါ ... စားလို့ကောင်းမှကောင်းပါ ... ကြုံလို့ရောက်ဖြစ်ရင် သွားစားဖြစ်အောင် စားကြည့်ပါ ...



အိုကီနာဝါ Naha မြို့လေးမှ ဖူကျိုး အမှတ်တရပန်းခြံလေးမှ ရေတံခွန်လေး

အိုကီနာဝါ Naha မြို့လေးကိုရောက်ရင် အဲဒီပန်းခြံလေးကို သွားဖြစ်အောင် သွားလိုက်ပါနော်.. အရမ်းကို မျက်စိအေးပြီး အဲဒီပန်းခြံလေးထဲက ရေကန်ထဲက ရွှေဝါငါးကြင်းတွေရယ် လိပ်တွေကိုပါ အစာကျွေးလို့လဲ ရတယ်နော် ... :)